Posts
Why do we hiccup ?
Image
[Unicode] ဘာလို့ ကြို့ထိုးတာလဲ? လူတိုင်း ဘဝမှာ တစ်ခါလောက်ဖြစ်ဖြစ်တော့ ကြို့ထိုးဖူးကြမှာပါ။ ကြို့ထိုးတာဟာ များသောအားဖြင့် အန္တရယ်မရှိပေမယ့် အတော်စိတ်အနှောက်အယှက် ဖြစ်ပါတယ်။ ကြို့ထိုးတာရဲ့ အကြောင်းအရင်း တော်တော်များများက အစာအိမ်ထဲမှာ လေ သို့မဟုတ် အစာတွေ ပြည့်တင်းမှုကြောင့် ဖြစ်တာများပါတယ်။ အစာအိမ်ထဲမှာ ပြည့်တင်းနေတဲ့အခါ သူ့အပေါ်မှာရှိတဲ့ ရင်ဝမ်းခြားကြွက်သား (တစ်နည်း ကန့်လန့်ကာကြွက်သား) ကို သွားပြီး လှုံ့ဆော်မှု ဖြစ်စေပါတယ်။  ထိုရင်ဝမ်းခြား ကြွက်သားဟာ အသက်ရှူတဲ့ လုပ်ငန်းစဉ်မှာ အရေးပါတဲ့ အဓိကနေရာကနေ ပါဝင်လုပ်ဆောင်ပါတယ်။ ရင်ဝမ်းခြားကြွက်သားဟာ လှုံ့ဆော်ခံရတဲ့အခါ ရုတ်တရက် အားကောင်းတဲ့ ဖျစ်ညှစ်မှုကို ပြုလုပ်လိုက်ပြီး အဆုတ်ထဲကို လေတွေအလျှင်အမြန်ဝင်လာပါတယ်။ အဲ့ဒီအခါ ကျွန်တော်တို့ ကြုံတွေ့ဖူးတဲ့ ကြို့ထိုးခြင်း ဖြစ်ပေါ်လာပါတယ်။ '"အေ့" "အစ်" စတဲ့ အသံထွက်လာတာကတော့  ရင်ဝမ်းခြား ကြွက်သားလှုံ့ဆော်မှု ကြောင့် လေတွေ အထဲဝင်ချိန် မရှေးမနှောင်းမှာပင် အသံကြိုး(vocal cords) ဒါမှမဟုတ် လေပြွန်အဖုံး(epiglottis) ပိတ်သဖြင့် အသံထွက်တာလို့ဆိုပါတယ်။ ပုံမှန်အားဖြင့် ကြို့ထိုးတာဟာ မိ...
Why do we sometimes feel like we're falling and jerk awake when trying to fall asleep?
Image
[Unicode] သင်အိပ်ပျော်နေစဉ်မှာ ပြုတ်ကျတယ် ချော်လဲတယ်လို့ အိပ်မက်မက်ပြီး ဆတ်ခနဲ့ လန့်နိုးလာတာ ဘာကြောင့်လဲ? ဒီလို ဖြစ်တာကို hypnic jerk လို့ ခေါ်ပြီး လူတော်တော်များများ (၇၀%လောက်) ဖြစ်ဖူးကြတယ်လို့ ဆိုပါတယ်။ အိပ်ပျော်မယ်ကြံခါရှိသေး အိပ်မက်ထဲမှာ လမ်းသွားရင်းချော်လဲတာ ၊ ချောက်၊ ဟင်းလင်းပြင် ဒါမှမဟုတ် တိုက်အမြင့်ပေါ်က ပြုတ်ကျတယ်လို့ မက်ကာ ရုတ်တရက် ကြွက်သားတွေ ဆတ်ခနဲ့ ဖြစ်ပြီး လန့်နိုးလာတတ်ပါတယ်။ တခါတရံ   ခြေ လက် ကြွက်သားတွေလှုပ်ရှားရုံသာမကပဲ တစ်ကိုယ်လုံးနီးပါး ထထိုင်မလိုဖြစ်တတ်ပါတယ်။ တခါတရံလည်း ဖြစ်ပေမယ့် မသိလိုက်တာ လန့်နိုးရလောက်အောင်ထိ မဖြစ်တာလည်း ဖြစ်နိုင်ပါတယ်။ ဒီဖြစ်ရပ်ဟာ နိုးကြားမှုကနေ အိပ်စက်မှုသို့ ကူးပြောင်းနေစဉ်အတွင်း အာရုံကြောတွေရဲ့ လွဲချော်မှုကြောင့်သာ ဖြစ်ပါတယ် ။ ဦးနှောက်ဟာ အိပ်စက်မှုအတွင်းမှာ ဖြစ်လေ့ရှိတဲ့ ကြွက်သား ဖြေလျော့နေမှုကို ပြုတ်ကျတယ် ချော်ကျတယ်လို့ ထင်မှတ်လိုက်ပြီး ချက်ချင်းပြန်လည် တုန့်ပြန် လိုက်လို့ပဲဖြစ်ပါတယ်။ ထင်ရောင်ထင်မှားဖြစ်မှုတွေ ၊အိပ်မက်တွေနဲ့ ပြင်ပလှုံ့ဆော်မှုတြွေဖစ်တဲ့ နှိုးစက်သံတွေ ၊ အလင်းစူးစူးတွေ ကြောင့်လည်း ကြွက်သားတွေ ဆတ်ခနဲ့ဖြစ်ပြ...
How much does a cloud weigh?
Image
[Unicode] တိမ်တိုက်တစ်ခုဟာ ဘယ်လောက် အလေးချိန် ရှိသလဲ? တိမ်တွေဟာ ကြည့်လိုက်ရင်တော့ ဂွမ်းစကလေးလို နူးညံ့ပြီး အလေးချိန်မရှိသလို ထင်ရပါတယ်။ သို့ပေမယ့် သူ့ရဲ့ အလေးချိန်ဟာဆိုရင် အလွန်ကို အံဩစရာကောင်းအောင် လေးလံပါတယ်။ နေသာတဲ့နေ့တွေမှာ တွေ့ရတဲ့ cumulus cloud အမျိုးအစား တိမ်ရဲ့ အလေးချိန်ကို သိပ္ပံပညာရှင်တွေ တိုင်းတာခန့်မှန်းခဲ့ကြပါတယ်။ ထို cumulus တိမ်ရဲ့ ထုထည် 1m³ မှာ 0.5g ရေ အမှုန်အမွှားလေးတွေ ပါဝင်ပါတယ်။ Density = mass / volume   ကနေ  Mass = density x volume ကို ပြောင်းပြီး ဒြပ်ထုကို ရှာလို့ရပါပြီ။ ပျမ်းမျှ 1km (5 ဖာလုံခန့်) ရှိတဲ့ ထိုတိမ်တိုက်တစ်ခုရဲ့ ဒြပ်ထုဆိုရင်တော့ Mass = 0.5×1,000,000,000 = 500,000,000g=500,000 kg ရပါတယ်။ ထိုကမှ weight (အလေးချိန်)ကို W= mg ကနေရှာလိုက်ရင် W=500,000×9.8=4900000N ရပါတယ်။ ပေါင်အနေနဲ့ ပြောရရင်   1.1 million pounds (ပေါင်တစ်သန်းခန့်) လေးပါတယ်။ မြင်သာအောင်ထပ်ပြောရရင် တိမ်တိုက်တစ်ခုဟာ -ဆင်အကောင် ၁၀၀ ခန့် - ကျောင်းဘတ်စ်ကား အစီး ၄၀ ခန့် ကိုယ့်လို ပေါင်၁၀၀ ငပိန် အယောက်တစ်သောင်းခန့် နဲ့ ညီမျှပါတယ်။🤣 [Zawgyi] တိမ္တိုက္တစ္ခုဟာ ဘယ္...
What causes a circle around the sun?
Image
[Unicode] နေထီးဆောင်းခြင်း By ဦးထွန်းလွင် (မိုးလေဝသ) နေထီးဆောင်းခြင်းကို Gr-eek ဘာသာစကားနဲ့ Halo လို့ ခေါ်ပါတယ်။ တကယ်တော့ Haloဟာ အမြင်ဆိုင်ရာဖြစ်စဉ် (Opt-ical Phenomena) တစ်ခုသာ ဖြစ်ပါတယ်။ အလင်းဆိုတာ ပြန်နိုင်တယ် (Reflection)၊ ယိုင် နိုင်တယ် (Refraction) ၊ ကွေ့နိုင် တယ် (Diffraction)၊ သန့်နိုင် တယ် (Rarefaction)၊ လွင့်စဉ် နိုင်တယ် (Scattering)၊ ကွဲနိုင် တယ် (Dispersion)၊ အလင်း လှိုင်းထပ်နိုင်တယ် (Diffraction) စတဲ့ ဝိသေသဖြစ်စဉ်တွေ ရှိကြ ပါတယ်။ အချို့ဖြစ်စဉ်တွေကို လှိုင်း သဘာဝနဲ့ ရှင်းပြလို့ရတယ်။ အချို့သဘာဝတွေကတော့ အမှုန်သဘာဝနဲ့မှ ရှင်းပြလို့ရတယ်။ ဒါကြောင့် အလင်းဟာ တစ်ခါတစ်ရံမှာ လှိုင်းသဘာ၀ ဆောင်ပြီး တစ်ခါတစ်ရံမှာတော့ အမှုန်သဘာဝဆောင်တယ်လို့ ဆိုပါတယ်။ဒါကို အလင်းရဲ့ ဒွိသဘာ၀ (D-ualistic Nature of Light) လို့ ခေါ်ဝေါ်ကြပါတယ်။ ဒီလို သဘာဝရှိတဲ့ အလင်း တန်းတွေဟာ နေမှတစ်ဆင့် ကမ္ဘာဆီကို တိုးဝင်လာကြပါ တယ်။ အဲဒီအခါမှာ ကမ္ဘာ့လေ ထုကို ဖြတ်ကြရပါတယ်။ အဲဒီ အခါမှာ ကမ္ဘာ့လေထုထဲမှာ ရှိနေ ကြတဲ့ ဖုန်အမှုန်(Dust)၊ ရေအ မှုန် (Water Drplets)၊ ရေပေါက် တွေ (Water Drops)၊ ရေခဲအ မှုန်တွေ (Ice Crystals) တ...
What causes these beautiful lights?
Image
[Unicode] ဒီအလင်းတန်းတွေ ဘာကြောင့် ဖြစ်ပေါ်လာတာလဲ ? Northern lights(ဥတ္တရအလင်းတန်းများ) လို့ လူသိများတဲ့ Aurora(အော်ရိုရာ) အလင်းတန်းများဟာ ‌မြောက်ဝင်ရိုးစွန်းမှာတင်ရှိတာမဟုတ်ပါဘူး။ တောင်ဝန်ရိုးစွန်းမှာလည်းတွေ့နိုင်ပါတယ်။ ဒါကြောင့် polar lights(ဝန်ရိုးစွန်းအလင်းတန်းများ) လို့လည်းခေါ်ပါတယ်။ ဒီအလင်းတန်းတွေကို ဖြစ်စေတဲ့ အဓိကတရားခံကတော့ ကျွန်တော်တို့ရဲ့ နေမင်းကြီးပါ(the sun)။ နေရဲ့ မျက်နှာပြင်ပေါ်မှာ အပူချိန်အပြောင်းအလဲကြောင့် ပေါက်ကွဲမှုတွေ ဖြစ်ပြီး လျှပ်စစ်ဓာတ်ဆောင် ဓာတ်ငွေ့အမှုန်အမွှားတွေကို အာကာသထဲသို့ အနည်းနဲ့အများ ထုတ်လွှတ်လျက်ရှိပါတယ်။ နေမှထွက်လာတဲ့ ထိုအမှုန်များကမ္ဘာပေါ်သို့ မကျရောက်အောင် ကမ္ဘာရဲ့ သံလိုက်စက်ကွင်းက တော်တော်များများကာကွယ်ပေးထားပါတယ်။ အနည်းငယ်သော ဓာတ်ငွေ့အမှုန်အမွှားတွေပဲ ဝန်ရိုးစွန်းပေါ်ကို ကျရောက်လာပါတယ်။  နေမှ လာတဲ့ ထိုလျှပ်စစ်ဓာတ်ဆောင် ဓာတ်ငွေ့မှုန်တွေဟာ လေထုထဲက အောက်စီဂျင်နဲ့ နိုက်ထရိုဂျင် အက်တမ် တွေနဲ့ တိုက်မိပြီး ရင်သပ်ရှုမောဖွယ် အရောင်တွေထွက်လာခြင်းဖြစ်ပါတယ်။  အလင်းတန်းများဟာ ပုံစံအမျိုးမျိုးရှိပြီး အောက်စီဂျင် နိုက်ထရိုဂျင် စတဲ့ ထုတ်ပေးတဲ့...
Why don't we feel the Earth's spin?
Image
Which came first?
Image
[Unicode] ကြက် နဲ့ ကြက်ဥ ဘယ်ဟာအရင် ဖြစ်တာလဲ ? အတော်ကို ကတ်သီးကတ်သပ်နိုင်ပြီး  ခေါင်းခြောက်တဲ့ မေးခွန်းပါပဲ ။ ဒီနေရာမှာ ကြက်နဲ့ဥ ကို နှိုင်းယှဉ်တာမဟုတ်ဘဲ ကြက်ဥနဲ့ ကြက်ကိုသာ နှိုင်းယှဉ်ပြောတာပါ ။ ယနေ့ခေတ် ကြက်ရယ်လို့ မဖြစ်ခင် ‌ ရှေးကျတဲ့ ငှက်အမျိုးအစား တွေသာမက အခြားသတ္တဝါတွေလည်း ဥ ဥ ကြပါတယ် ။ ဒါကြောင့် ကြက်ရယ်လို့ မဖြစ်လာခင် ကတည်းက ဥ ဆိုတာ ရှိပြီးဖြစ်ပါတယ် ။ အဲ့ဒီနောက် ဆင့်ကဲပြောင်းလဲမှု ဖြစ်စဉ်အရ  ကြက်မကျ ငှက်မကျ အကောင် ( လူ အနေနဲ့ပြောရရင် လူဖြစ်ခါနီး မျောက်နဲ့လည်း တူတဲ့အ‌ခြေအနေမှာပေါ့) တွေဟာ ယနေ့ခေတ် ကြက်ဖြစ်လာမယ့် သန္ဓေသားအလောင်းအလျာ ဥ ကို စတင်ပြီး ဥ ပါတယ် ။ ထို ဥ ကမှ ပထမဆုံး ယနေ့ခေတ် ကြက်အမျိုးအစား ဖြစ်လာပါတယ် ။ ၎င်း ကြက်ကမှ တစ်ဆင့် မျိုးပွားရာကနေ ပထမဆုံး ကြက်ဥ ဖြစ်လာတာပါ ။ နောက်ပြီး သိပ္ပံပညာရှင်တွေရဲ့ တွေ့ရှိချက်အရ ကြက်ဥအကာဖြစ်ဖို့ လိုအပ်တဲ့ ပရိုတင်း တစ်မျိုး ovocleidin-17 (OC-17)ဟာ  ကြက်မရဲ့ မျိုးဥအိမ်မှာသာ ပါဝင်တယ်လို့ ဆိုပါတယ် ။  ဆိုတော့ ကြက်ဥ ဖြစ်ဖို့အတွက် ကြက်မက ဥမှပဲ ရမယ်လို့ ဆိုလိုပါတယ် ။ ကဲ သင်ကရော ဘယ်ဘက်ကလဲ 😆🤣 [Zawgyi] ကြက် နဲ့ ကြက်ဥ ဘယ်ဟာ...
Is foreplay necessary before sex ?
Image
[Unicode] သိုင်းမချမီမှာ ဟန်ရေးပြ (နူးနှပ်) တာဟာ လိုအပ်သလား?? 🙄 သင့်အနေနဲ့ တစ်ဖက်ရန်သူ အား အထင်ကြီးပြီး ရှိန်စေရန် အတွက် ရော သင့်အတွက်သွေးပူလေ့ကျင့်ခန်း အနေနဲ့ပါ ဟန်ရေးပြတာက မမှားပါဘူး 😆😆 (နောက်ပိုင်းမှ မဖြစ်ထွန်းတာက နောက်ပိုင်းပေါ့)🤣 သင် ဟန်ရေးမပြဘဲ ရုတ်တရက်ချက်ချင်းဆိုသလို တိုက်ခိုက်လိုက်ရင် တစ်ဖက်လူ အငိုက်မိသွားပြီး အတော် နာကျင်ခံစားသွားပါလိမ့်မယ် 😅😂 ဟန်ရေးကောင်းကောင်းပြတာဟာ သင့်အနေနဲ့ တစ်ဖက်ရန်သူကို သိုင်းချတော့မယ်ဆိုတာ ရာဇသံပေးလိုက်သလို ဖြစ်ပြီး တစ်ဖက်လူအတွက် လည်း ပြင်ဆင်ဖို့ အချိန်ရပါလိမ့်မယ်။ ဟန်ရေးပြ ခြင်းဟာ နှစ်ဦးနှစ်ဖက်စလုံးအတွက် ရုပ်ပိုင်းဆိုင်ရာအရ ရော စိတ်ပိုင်းဆိုင်ရာ အရပါ အရေးပါပါတယ်။  ဒါ့အပြင် သင်တို့ လက်နက်များအပေါ်လည်း အလိုအလျောက် ချောဆီများ ထွက်လာပြီး သိုင်းချတဲ့အခါ ချောချောမွေ့မွေ့နဲ့ လိုက်ဖက်ညီညီ ချနိုင်မှာဖြစ်ပါတယ်။ ဆိုတော့ သင်ဟာ ပြိုင်စံရှား နှစ်တစ်ရာ သိုင်းသမား ဖြစ်ချင်ရင်တော့ သိုင်းမချမီ ဟန်ရေးကောင်းကောင်းပြတတ်ဖို့ လိုအပ်ပါတယ်။🤣🤣 သီအိုရီပဲရှာရေးတာဆိုတော့ အမှားပါရင် ပြောကြပါဦး 😂😂 [Zawgyi] သိုင်းမချမီမှာ ဟန်ရေးပြ (နူးနှပ်) တာဟာ လိုအပ်သလား...
Do astronauts burp in space?
Image
[Unicode] အာကာသထဲမှာ အာကာသယာဉ်မှူးတွေ လေကြို့ (ဝါ) လေတက်ကြသလား?? ဒီမေးခွန်းကို ယတိပြတ်ဖြေရမယ်ဆိုရင်တော့ လေမတက်ဘူးလို့ပဲပြောရမှာပါ ။ နေစဉ်နီးပါးကြုံတွေ့နေရတဲ့ လေတက်ခြင်းဟာ  ကျွန်တော်တို့အတွက် အထူးအဆန်းတော့ မဟုတ်ပါဘူး။  ကျွန်တော်တို့ အစာအိမ်နဲ့ အူလမ်းကြောင်း မှာ လေအတန်အသင့်ရှိပါတယ် ။ ဒါပေမယ့် အစာစားတဲ့အခါ စကားပြောတဲ့အခါ တွံတွေးမျိုချတဲ့အခါ စတာတွေမှာ လေတွေပိုပြီး ဝင်လာပါတယ် ။ အစာလမ်းကြောင်းမှာ လေတွေများလာတဲ့အခါ အပြင်ကိုပြန်ထုတ်ရတဲ့ ခန္ဓာကိုယ်ရဲ့ ပြန်လည်ထိန်းညှိမှုအရ လေတက်ခြင်း ဖြစ်လာတာပါ။ ကမ္ဘာပေါ်မှာ လေတက်တဲ့အခါ အစာလမ်းကြောင်းထဲက အစာနဲ့အရည် တွေပါ အပြင်ထွက်မလာအောင် မြေဆွဲအားက ဆွဲငင်ပေးထားပါတယ်။ အာကာသထဲမှာတော့ ဒီလိုဖြစ်မှာ မဟုတ်ပါဘူး ။ သင့်အနေနဲ့ အာကာသထဲမှာ လေတက်တဲ့အခါ မြေဆွဲအား မရှိတဲ့အတွက်  လေ(ဂတ်စ်)တွေအပြင် အစာရော အရည်တွေရော သင့်ပါးစပ်ထဲကို အန်သလိုမျိူး ပြန်တက်လာမှာပါ။ အာကာသပေါ်မှာ လေတက်တာဟာ ကမ္ဘာပေါ်မှာထက် နှစ်မြို့စရာကောင်းမှာ မဟုတ်တဲ့အတွက် သင်အာကာသပေါ်ရောက်ခဲ့လို့ လေတက်တော့မယ်ဆိုရင် သတိထားသင့်ပါတယ် ။ [Zawgyi] အာကာသထဲမှာ အာကာသယာဉ်မှူးတွေ လေကြို့ (ဝါ) လေတက်ကြသ...
Can we make fire from ice?
Image
[Unicode] ရေခဲကနေ မီးမွှေးလို့ရလား?😮 စိတ်ဝင်စားဖို့ကောင်းတဲ့ မေးခွန်းတစ်ခုပါပဲ လက်ရှိလူနေမှုဘဝပုံစံအရ မီးမွှေးဖို့ ကိစ္စဟာ အခက်ခဲကြီးတော့ မဟုတ်ပါဘူး။😏 သို့ပေမယ့် အကယ်၍ သင်ဟာ ကမ္ဘာ့ ဝန်ရိုးစွန်းဒေသတွေမှာ တစ်ယောက်တည်း ရှိပြီး ခေတ်မီ ပစ္စည်းတွေ မရှိတော့တဲ့အခါမျိူးမှာ မီးတောက်တစ်ခုဖြစ်ဖို့က အတော်ကြီး ခက်ခဲသွားပါလိမ့်မယ်။😢 ဆိုတော့ ဒီမေးခွန်းအတွက် အဖြေကတော့……ဖြစ်နိုင်ပါတယ်။ ဒါဖြင့် ရေခဲကနေ ဘယ်လို မီးမွှေးကြမလဲ?🤔 ပထမဆုံး သင်ဟာ ရေခဲတုံး တစ်ခု လိုအပ်မှာ ဖြစ်ပါတယ်။ ရေခဲတုံးဟာလည်း ကြည်လင်မှု ရှိဖို့လိုပြီး အနည်းဆုံး အချင်း ၆လက်မ၊ အထူ ၃ လက်မ လောက် ရှိဖို့လိုပါတယ်။ နောက်တစ်ဆင့်ကတော့ ထိုရေခဲတုံးကို မှန်ဘီလူး ပုံစံရအောင် မာကြောတဲ့အရာတစ်ခုခုနဲ့ ပွတ်တိုက်ပြီးဖြစ်စေ လက်ရဲ့ အပူရှိန်နဲ့ ဖြစ်စေ ပုံသွင်းဖို့လိုပါတယ်။ အဲ့ဒီနောက်  ၎င်းရေခဲမှန်ဘီလူးကို အသုံးချပြီး မီးလောင်လွယ်တဲ့ ပစ္စည်းတွေအပေါ်မှာ နေရဲ့ အလင်းရောင် ကို စုဆုံစေခြင်းဖြင့် မီးတောက်တစ်ခု ကို ရရှိနိုင်မှာ ဖြစ်ပါတယ်။ ဒီနေရာ မှာ အရေးကြီးဆုံး အချက်ကတော့ သင်အနေနဲ့ စိတ်ရှည်ဖို့လိုအပ်ပါတယ်။ [Zawgyi] ရေခဲကနေ မီးမွှေးလို့ရလား?😮 စိတ်ဝင်စ...