Why don't we feel the Earth's spin?

[Unicode]
ဘာလို့ ကမ္ဘာကြီးလည်နေတာကို ကျွန်တော်တို့ မခံစားမိရတာလဲ ?

လူတွေဟာသလုပ်နေသလို ကမ္ဘာက ပြားလို့များလား။🤔

ကမ္ဘာကတော့ မပြားပါဘူး။

ဒီမေးခွန်းကို မဖြေခင် ဥပမာတစ်ခု ပြောပါမယ်။
ဦးစွာ သင့်အနေနဲ့ တသမတ် အလျင်နဲ့ လမ်းဖြောင့်အတိုင်း သွားနေတဲ့ ကား (သို့မဟုတ်)  အမြင့်တည်နေရာ မပြောင်းလဲဘဲ ကိန်းသေအလျင်နဲ့ သွားနေတဲ့ လေယာဉ်ပေါ်မှာလို့ စိတ်ကူးကြည့်ပါ။

ထိုယာဉ်ပေါ်မှာ သင်ဟာ တည်တည်ငြိမ်ငြိမ်နဲ့ပဲ လိုက်ပါလျက်ရှိနေမှာပါ ။ သင်ရွေ့နေတယ်လို့ ခံစားရမှာ မဟုတ်ပါဘူး။ သင်ရွေ့နေတာကို သိဖို့ဆိုရင် ဘေးက သစ်ပင်တွေ တိမ်တွေ ကြည့်မှပဲ သိမှာပါ။

ကမ္ဘာလည်တာကို မခံစားရတာလည်း ဒီလိုသဘောပါပဲ။

အကြောင်းကတော့ ကမ္ဘာလည်တဲ့ အလျင်အတိုင်း ကျွန်တော်တို့လူတွေသာမက ကမ္ဘာကို တွယ်ကပ်နေတဲ့အရာအားလုံး (ကမ္ဘာ့လေထုပါအပါအဝင်)  ကမ္ဘာနဲ့အတူ လိုက်ပြီး လည်ပတ်နေလို့ပါပဲ။


[Zawgyi]
ဘာလို႔ ကမၻာႀကီးလည္ေနတာကို ကြၽန္ေတာ္တို႔ မခံစားမိရတာလဲ ?

လူေတြဟာသလုပ္ေနသလို ကမၻာက ျပားလို႔မ်ားလား။🤔

ကမၻာကေတာ့ မျပားပါဘူး။

ဒီေမးခြန္းကို မေျဖခင္ ဥပမာတစ္ခု ေျပာပါမယ္။
ဦးစြာ သင့္အေနနဲ႔ တသမတ္ အလ်င္နဲ႔ လမ္းေျဖာင့္အတိုင္း သြားေနတဲ့ ကား (သို႔မဟုတ္)  အျမင့္တည္ေနရာ မေျပာင္းလဲဘဲ ကိန္းေသအလ်င္နဲ႔ သြားေနတဲ့ ေလယာဉ္ေပၚမွာလို႔ စိတ္ကူးၾကၫ့္ပါ။

ထိုယာဉ္ေပၚမွာ သင္ဟာ တည္တည္ၿငိမ္ၿငိမ္နဲ႔ပဲ လိုက္ပါလ်က္ရိွေနမွာပါ ။ သင္ေရြ႕ေနတယ္လို႔ ခံစားရမွာ မဟုတ္ပါဘူး။ သင္ေရြ႕ေနတာကို သိဖို႔ဆိုရင္ ေဘးက သစ္ပင္ေတြ တိမ္ေတြ ၾကၫ့္မွပဲ သိမွာပါ။

ကမၻာလည္တာကို မခံစားရတာလည္း ဒီလိုသေဘာပါပဲ။

အေၾကာင္းကေတာ့ ကမၻာလည္တဲ့ အလ်င္အတိုင္း ကြၽန္ေတာ္တို႔လူေတြသာမက ကမၻာကို တြယ္ကပ္ေနတဲ့အရာအားလံုး (ကမၻာ့ေလထုပါအပါအဝင္)  ကမၻာနဲ႔အတူ လိုက္ၿပီး လည္ပတ္ေနလို႔ပါပဲ။

ကိုးကား


Comments

Popular posts from this blog

What causes a circle around the sun?