Can we make fire from ice?

[Unicode]
ရေခဲကနေ မီးမွှေးလို့ရလား?😮

စိတ်ဝင်စားဖို့ကောင်းတဲ့ မေးခွန်းတစ်ခုပါပဲ

လက်ရှိလူနေမှုဘဝပုံစံအရ မီးမွှေးဖို့ ကိစ္စဟာ အခက်ခဲကြီးတော့ မဟုတ်ပါဘူး။😏
သို့ပေမယ့် အကယ်၍ သင်ဟာ ကမ္ဘာ့ ဝန်ရိုးစွန်းဒေသတွေမှာ တစ်ယောက်တည်း ရှိပြီး ခေတ်မီ ပစ္စည်းတွေ မရှိတော့တဲ့အခါမျိူးမှာ
မီးတောက်တစ်ခုဖြစ်ဖို့က အတော်ကြီး ခက်ခဲသွားပါလိမ့်မယ်။😢

ဆိုတော့ ဒီမေးခွန်းအတွက် အဖြေကတော့……ဖြစ်နိုင်ပါတယ်။

ဒါဖြင့် ရေခဲကနေ ဘယ်လို မီးမွှေးကြမလဲ?🤔

ပထမဆုံး သင်ဟာ ရေခဲတုံး တစ်ခု လိုအပ်မှာ ဖြစ်ပါတယ်။
ရေခဲတုံးဟာလည်း ကြည်လင်မှု ရှိဖို့လိုပြီး အနည်းဆုံး အချင်း ၆လက်မ၊ အထူ ၃ လက်မ လောက် ရှိဖို့လိုပါတယ်။

နောက်တစ်ဆင့်ကတော့ ထိုရေခဲတုံးကို မှန်ဘီလူး ပုံစံရအောင် မာကြောတဲ့အရာတစ်ခုခုနဲ့ ပွတ်တိုက်ပြီးဖြစ်စေ လက်ရဲ့ အပူရှိန်နဲ့ ဖြစ်စေ ပုံသွင်းဖို့လိုပါတယ်။

အဲ့ဒီနောက်  ၎င်းရေခဲမှန်ဘီလူးကို အသုံးချပြီး မီးလောင်လွယ်တဲ့ ပစ္စည်းတွေအပေါ်မှာ နေရဲ့ အလင်းရောင် ကို စုဆုံစေခြင်းဖြင့် မီးတောက်တစ်ခု ကို ရရှိနိုင်မှာ ဖြစ်ပါတယ်။

ဒီနေရာ မှာ အရေးကြီးဆုံး အချက်ကတော့ သင်အနေနဲ့ စိတ်ရှည်ဖို့လိုအပ်ပါတယ်။


[Zawgyi]
ေရခဲကေန မီးေမႊးလို႕ရလား?😮

စိတ္ဝင္စားဖို႕ေကာင္းတဲ႕ ေမးခြန္းတစ္ခုပါပဲ

လက္ရွိလူေနမႈဘဝပံုစံအရ မီးေမႊးဖို႕ ကိစၥဟာ အခက္ခဲႀကီးေတာ့ မဟုတ္ပါဘူး။😏
သို႕ေပမယ့္ အကယ္၍ သင္ဟာ ကမၻာ့ ဝန္ရိုးစြန္းေဒသေတြမွာ တစ္ေယာက္တည္း ရွိျပီး ေခတ္မီ ပစၥည္းေတြ မရွိေတာ့တဲ႕အခါမ်ိဴးမွာ
မီးေတာက္တစ္ခုျဖစ္ဖို႕က အေတာ္ႀကီး ခက္ခဲသြားပါလိမ့္မယ္။😢

ဆိုေတာ့ ဒီေမးခြန္းအတြက္ အေျဖကေတာ့……ျဖစ္နိုင္ပါတယ္။

ဒါျဖင့္ ေရခဲကေန ဘယ္လို မီးေမႊးႀကမလဲ?🤔

ပထမဆံုး သင္ဟာ ေရခဲတံုး တစ္ခု လိုအပ္မွာ ျဖစ္ပါတယ္။
ေရခဲတံုးဟာလည္း ႀကည္လင္မႈ ရွိဖို႕လိုျပီး အနည္းဆံုး အခ်င္း ၆လက္မ၊ အထူ ၃ လက္မ ေလာက္ ရွိဖို႕လိုပါတယ္။

ေနာက္တစ္ဆင့္ကေတာ့ ထိုေရခဲတံုးကို မွန္ဘီလူး ပံုစံရေအာင္ မာေႀကာတဲ႕အရာတစ္ခုခုနဲ႕ ပြတ္တိုက္ျပီးျဖစ္ေစ လက္ရဲ႕ အပူရွိန္နဲ႕ ျဖစ္ေစ ပံုသြင္းဖို႕လိုပါတယ္။

အဲ႕ဒီေနာက္  ၎ေရခဲမွန္ဘီလူးကို အသံုးခ်ျပီး မီးေလာင္လြယ္တဲ႕ ပစၥည္းေတြအေပၚမွာ ေနရဲ႕ အလင္းေရာင္ ကို စုဆံုေစျခင္းျဖင့္ မီးေတာက္တစ္ခု ကို ရရွိနိုင္မွာ ျဖစ္ပါတယ္။

ဒီေနရာ မွာ အေရးႀကီးဆံုး အခ်က္ကေတာ့ သင္အေနနဲ႕ စိတ္ရွည္ဖို႕လိုအပ္ပါတယ္။

ကိုးကား

Comments

Popular posts from this blog

What causes a circle around the sun?