What causes these beautiful lights?
[Unicode]
ဒီအလင်းတန်းတွေ ဘာကြောင့် ဖြစ်ပေါ်လာတာလဲ ?
Northern lights(ဥတ္တရအလင်းတန်းများ) လို့ လူသိများတဲ့ Aurora(အော်ရိုရာ) အလင်းတန်းများဟာ မြောက်ဝင်ရိုးစွန်းမှာတင်ရှိတာမဟုတ်ပါဘူး။ တောင်ဝန်ရိုးစွန်းမှာလည်းတွေ့နိုင်ပါတယ်။ ဒါကြောင့် polar lights(ဝန်ရိုးစွန်းအလင်းတန်းများ) လို့လည်းခေါ်ပါတယ်။
ဒီအလင်းတန်းတွေကို ဖြစ်စေတဲ့ အဓိကတရားခံကတော့ ကျွန်တော်တို့ရဲ့ နေမင်းကြီးပါ(the sun)။
နေရဲ့ မျက်နှာပြင်ပေါ်မှာ အပူချိန်အပြောင်းအလဲကြောင့် ပေါက်ကွဲမှုတွေ ဖြစ်ပြီး လျှပ်စစ်ဓာတ်ဆောင် ဓာတ်ငွေ့အမှုန်အမွှားတွေကို အာကာသထဲသို့ အနည်းနဲ့အများ ထုတ်လွှတ်လျက်ရှိပါတယ်။
နေမှထွက်လာတဲ့ ထိုအမှုန်များကမ္ဘာပေါ်သို့ မကျရောက်အောင် ကမ္ဘာရဲ့ သံလိုက်စက်ကွင်းက တော်တော်များများကာကွယ်ပေးထားပါတယ်။ အနည်းငယ်သော ဓာတ်ငွေ့အမှုန်အမွှားတွေပဲ ဝန်ရိုးစွန်းပေါ်ကို ကျရောက်လာပါတယ်။
နေမှ လာတဲ့ ထိုလျှပ်စစ်ဓာတ်ဆောင် ဓာတ်ငွေ့မှုန်တွေဟာ လေထုထဲက အောက်စီဂျင်နဲ့ နိုက်ထရိုဂျင် အက်တမ် တွေနဲ့ တိုက်မိပြီး ရင်သပ်ရှုမောဖွယ် အရောင်တွေထွက်လာခြင်းဖြစ်ပါတယ်။
အလင်းတန်းများဟာ ပုံစံအမျိုးမျိုးရှိပြီး အောက်စီဂျင် နိုက်ထရိုဂျင် စတဲ့ ထုတ်ပေးတဲ့ အက်တမ်တွေပေါ်မူတည်ပြီး အစိမ်းရောင်၊ အနီရောင် ၊ အပြာရောင်၊ ခရမ်းရောင် စသည်ဖြင့် အရောင်ကွဲပြားမှု ရှိပါတယ်။
ဒီလို ဖြစ်စဉ်ဟာ ကျွန်တော်တို့ ကမ္ဘာတစ်ခုတည်းမှာတင် တွေ့ရတာမဟုတ်ပါဘူး။
အခြား အားကောင်းတဲ့သံလိုက်စက်ကွင်းရှိသော ဂျူပီတာ၊ စေတန် စတဲ့ ဂြိုလ်တွေမှာပါ တွေ့နိုင်ပါတယ်။
[Zawgyi]
ဒီအလင္းတန္းေတြ ဘာေႀကာင့္ ျဖစ္ေပၚလာတာလဲ ?
Northern lights(ဥတၲရအလင္းတန္းမ်ား) လို႔ လူသိမ်ားတဲ့ Aurora(ေအာ္ရိုရာ) အလင္းတန္းမ်ားဟာ ေျမာက္ဝင္ရိုးစြန္းမွာတင္ရိွတာမဟုတ္ပါဘူး။ ေတာင္ဝန္ရိုးစြန္းမွာလည္းေတြ႕ႏိုင္ပါတယ္။ ဒါေၾကာင့္ polar lights(ဝန္ရိုးစြန္းအလင္းတန္းမ်ား) လို႔လည္းေခၚပါတယ္။
ဒီအလင္းတန္းေတြကို ျဖစ္ေစတဲ့ အဓိကတရားခံကေတာ့ ကြၽန္ေတာ္တို႔ရဲ့ ေနမင္းႀကီးပါ(the sun)။
ေနရဲ့ မ်က္ႏွာျပင္ေပၚမွာ အပူခ်ိန္အေျပာင္းအလဲေၾကာင့္ ေပါက္ကြဲမႈေတြ ျဖစ္ၿပီး လ်ွပ္စစ္ဓာတ္ေဆာင္ ဓာတ္ေငြ႕အမႈန္အမႊားေတြကို အာကာသထဲသို႔ အနည္းနဲ႔အမ်ား ထုတ္လႊတ္လ်က္ရိွပါတယ္။
ေနမွထြက္လာတဲ့ ထိုအမႈန္မ်ားကမၻာေပၚသို႔ မက်ေရာက္ေအာင္ ကမၻာရဲ့ သံလိုက္စက္ကြင္းက ေတာ္ေတာ္မ်ားမ်ားကာကြယ္ေပးထားပါတယ္။ အနည္းငယ္ေသာ ဓာတ္ေငြ႕အမႈန္အမႊားေတြပဲ ဝန္ရိုးစြန္းေပၚကို က်ေရာက္လာပါတယ္။
ေနမွ လာတဲ့ ထိုလ်ွပ္စစ္ဓာတ္ေဆာင္ ဓာတ္ေငြ႕မႈန္ေတြဟာ ေလထုထဲက ေအာက္စီဂ်င္နဲ႔ ႏိုက္ထရိုဂ်င္ အက္တမ္ ေတြနဲ႔ တိုက္မိၿပီး ရင္သပ္ရႈေမာဖြယ္ အေရာင္ေတြထြက္လာျခင္းျဖစ္ပါတယ္။
အလင္းတန္းမ်ားဟာ ပံုစံအမ်ိဳးမ်ိဳးရိွၿပီး ေအာက္စီဂ်င္ ႏိုက္ထရိုဂ်င္ စတဲ့ ထုတ္ေပးတဲ့ အက္တမ္ေတြေပၚမူတည္ၿပီး အစိမ္းေရာင္၊ အနီေရာင္ ၊ အျပာေရာင္၊ ခရမ္းေရာင္ စသည္ျဖင့္ အေရာင္ကြဲျပားမႈ ရိွပါတယ္။
ဒီလို ျဖစ္စဉ္ဟာ ကြၽန္ေတာ္တို႔ ကမၻာတစ္ခုတည္းမွာတင္ ေတြ႕ရတာမဟုတ္ပါဘူး။
အျခား အားေကာင္းတဲ့သံလိုက္စက္ကြင္းရိွေသာ ဂ်ဴပီတာ၊ ေစတန္ စတဲ့ ၿဂိဳလ္ေတြမွာပါ ေတြ႕ႏိုင္ပါတယ္။
ကိုးကား
Comments
Post a Comment