Why do we sometimes feel like we're falling and jerk awake when trying to fall asleep?

[Unicode]
သင်အိပ်ပျော်နေစဉ်မှာ ပြုတ်ကျတယ် ချော်လဲတယ်လို့ အိပ်မက်မက်ပြီး ဆတ်ခနဲ့ လန့်နိုးလာတာ ဘာကြောင့်လဲ?

ဒီလို ဖြစ်တာကို hypnic jerk လို့ ခေါ်ပြီး လူတော်တော်များများ (၇၀%လောက်) ဖြစ်ဖူးကြတယ်လို့ ဆိုပါတယ်။

အိပ်ပျော်မယ်ကြံခါရှိသေး အိပ်မက်ထဲမှာ လမ်းသွားရင်းချော်လဲတာ ၊ ချောက်၊ ဟင်းလင်းပြင် ဒါမှမဟုတ် တိုက်အမြင့်ပေါ်က ပြုတ်ကျတယ်လို့ မက်ကာ ရုတ်တရက် ကြွက်သားတွေ ဆတ်ခနဲ့ ဖြစ်ပြီး လန့်နိုးလာတတ်ပါတယ်။

တခါတရံ   ခြေ လက် ကြွက်သားတွေလှုပ်ရှားရုံသာမကပဲ တစ်ကိုယ်လုံးနီးပါး ထထိုင်မလိုဖြစ်တတ်ပါတယ်။

တခါတရံလည်း ဖြစ်ပေမယ့် မသိလိုက်တာ လန့်နိုးရလောက်အောင်ထိ မဖြစ်တာလည်း ဖြစ်နိုင်ပါတယ်။

ဒီဖြစ်ရပ်ဟာ နိုးကြားမှုကနေ အိပ်စက်မှုသို့ ကူးပြောင်းနေစဉ်အတွင်း အာရုံကြောတွေရဲ့ လွဲချော်မှုကြောင့်သာ ဖြစ်ပါတယ် ။

ဦးနှောက်ဟာ အိပ်စက်မှုအတွင်းမှာ ဖြစ်လေ့ရှိတဲ့ ကြွက်သား ဖြေလျော့နေမှုကို ပြုတ်ကျတယ် ချော်ကျတယ်လို့ ထင်မှတ်လိုက်ပြီး ချက်ချင်းပြန်လည် တုန့်ပြန် လိုက်လို့ပဲဖြစ်ပါတယ်။

ထင်ရောင်ထင်မှားဖြစ်မှုတွေ ၊အိပ်မက်တွေနဲ့ ပြင်ပလှုံ့ဆော်မှုတြွေဖစ်တဲ့ နှိုးစက်သံတွေ ၊ အလင်းစူးစူးတွေ ကြောင့်လည်း ကြွက်သားတွေ ဆတ်ခနဲ့ဖြစ်ပြီး လန့်နိုးတတ်ပါတယ် ။

(ကေဖိန်းဓာတ်)ကော်ဖီသောက်တာ ၊ စိတ်ဖိစီးပူပန်စေတာ၊ အိပ်ရေးပျက် အိပ်ချိန်မမှန်တာ စတာတွေကလည်း hypnic jerk ကို ဖြစ်စေတယ်လို့ ဆိုပါတယ်။ 

နောက်ပြီး ဒီဖြစ်စဉ်ဟာ ကျန်းမာရေး အရ စိုးရိမ်စရာ မရှိပါဘူးတဲ့။


[Zawgyi]
သင္အိပ္ေပ်ာ္ေနစဥ္မွာ ျပဳတ္က်တယ္ ေခ်ာ္လဲတယ္လို႔ အိပ္မက္မက္ၿပီး ဆတ္ခနဲ႕ လန္႕နိုးလာတာ ဘာေႀကာင့္လဲ?

ဒီလို ျဖစ္တာကို hypnic jerk လို႔ ေခၚၿပီး လူေတာ္ေတာ္မ်ားမ်ား (၇၀%ေလာက္) ျဖစ္ဖူးၾကတယ္လို႔ ဆိုပါတယ္။

အိပ္ေပ်ာ္မယ္ႀကံခါရိွေသး အိပ္မက္ထဲမွာ လမ္းသြားရင္းေခ်ာ္လဲတာ ၊ ေခ်ာက္၊ ဟင္းလင္းျပင္ ဒါမွမဟုတ္ တိုက္အျမင့္ေပၚက ျပဳတ္က်တယ္လို႔ မက္ကာ ရုတ္တရက္ ႂကြက္သားေတြ ဆတ္ခနဲ႔ ျဖစ္ၿပီး လန႔္ႏိုးလာတတ္ပါတယ္။

တခါတရံ   ေျခ လက္ ႂကြက္သားေတြလႈပ္ရွားရံုသာမကပဲ တစ္ကိုယ္လံုးနီးပါး ထထိုင္မလိုျဖစ္တတ္ပါတယ္။

တခါတရံလည္း ျဖစ္ေပမယ့္ မသိလိုက္တာ လန႔္ႏိုးရေလာက္ေအာင္ထိ မျဖစ္တာလည္း ျဖစ္ႏိုင္ပါတယ္။

ဒီျဖစ္ရပ္ဟာ ႏိုးၾကားမႈကေန အိပ္စက္မႈသို႔ ကူးေျပာင္းေနစဉ္အတြင္း အာရံုေၾကာေတြရဲ့ လြဲေခ်ာ္မႈေၾကာင့္သာ ျဖစ္ပါတယ္ ။

ဦးေနွာက္ဟာ အိပ္စက္မႈအတြင္းမွာ ျဖစ္ေလ့ရိွတဲ့ ႂကြက္သား ေျဖေလ်ာ့ေနမႈကို ျပဳတ္က်တယ္ ေခ်ာ္က်တယ္လို႔ ထင္မွတ္လိုက္ၿပီး ခ်က္ခ်င္းျပန္လည္ တုန႔္ျပန္ လိုက္လို႔ပဲျဖစ္ပါတယ္။

ထင္ေရာင္ထင္မွားျဖစ္မႈေတြ ၊အိပ္မက္ေတြနဲ႔ ျပင္ပလႈံ႔ေဆာ္မႈေတျြဖစ္တဲ့ ႏိႈးစက္သံေတြ ၊ အလင္းစူးစူးေတြ ေၾကာင့္လည္း ႂကြက္သားေတြ ဆတ္ခနဲ႔ျဖစ္ၿပီး လန႔္ႏိုးတတ္ပါတယ္ ။

(ေကဖိန္းဓာတ္)ေကာ္ဖီေသာက္တာ ၊ စိတ္ဖိစီးပူပန္ေစတာ၊ အိပ္ေရးပ်က္ အိပ္ခ်ိန္မမွန္တာ စတာေတြကလည္း hypnic jerk ကို ျဖစ္ေစတယ္လို႔ ဆိုပါတယ္။ 

ေနာက္ၿပီး ဒီျဖစ္စဥ္ဟာ က်န္းမာေရး အရ စိုးရိမ္စရာ မရိွပါဘူးတဲ့။

ကိုးကား

Comments

Popular posts from this blog

What causes a circle around the sun?